မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ လိပ်ပြာမျိုးစိတ် “Green Spotted Triangle” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ် ခေါင်းသစ် တစ်မျိုးကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ရောင်းချပေးမယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန် ကြီးဌာနက သိရပါတယ်။

ဒီစာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို လာမယ့် ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီခွဲက စပြီး နေပြည်တော် ဗဟိုစာ တိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး နဲ့ တိုင်း/ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာပါ။အထူးအစီအစဉ် တစ်ရပ်အဖြစ် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေး စာတိုက်ကြီးမှာ လည်း ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ်တွေ ရိုက်နှိပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် ၃ မျိုးကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စာတိုက်ကြီးတွေမှာ နဲ့ အခြား တိုင်း/ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ ရောင်းချပေးခဲ့ပါတယ်။