ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက ရေကန်အတွင်းမှာ ရေနစ် သေဆုံးနေတဲ့ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ မာဃ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်၊၊
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ရက် မနက် ၁၀ နာရီခွဲအချိန်လောက်က ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက် ဇမ္ဗူမြိုင် ဘုရားကုန်းဘုန်းကြီးကျောင်း ရေကန်အတွင်းမှာ အမျိုးသားတစ်ယောက် ရေနစ်သေဆုံးနေတာ ဖြစ်တယ် လို့ သိရပါတယ်၊၊

သေဆုံးသူဟာ ဇူလိုင်လ (၁၉)ရက်က ပျောက်ဆုံးနေသူဖြစ်ပြီး အရက်အမြဲတမ်းသောက်တတ်သူဖြစ်ကာ ရေနစ်သေဆုံးတာဖြစ်တယ်လို့ မာဃလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊
အလောင်းတွေ့ရှိတဲ့နေရာကို ဘားအံမြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပရဟိတအသင်း တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊ သက်ဆိုင်ရာက စုံစမ်းချက် တွေအရ သေဆုံးသူဟာ အသက် (၄၀)ကျော်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ ဘုရားကုန်းလမ်းမှာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်၊၊