(၂၀၂၃)ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိသူတွေကို ရွေးချယ်ခဲ့ရာမှာ အရင်နှစ်တွေထက် အရေအတွက်တိုးမြှင့်ပြီး ရွေးချယ်လာတာတွေ့ရှိရတယ်လို့ စာရေးစာဆရာတွေရဲ့ ပြောကြားချက်အရ သိရပါ တယ်။ (၂၀၂၃)ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်ဆုရရှိသူတွေရဲ့စာရင်းကို နိုဝင်ဘာ(၂၁)ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲဒီကြေညာချက်မှာ အမျိုးသားစာပေတစ်သက်တာဆုရရှိသူ စာပေပညာရှင်(၆)ယောက်ရှိခဲ့ပြီး အရင်နှစ်တွေ ထက် လူဦးရေတိုးမြှင့်ရွေးချယ်ထားတာကြောင့် စာပေလောကအတွက် ဝမ်းသာစရာကောင်းတယ်လို့ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)က ပြောပါတယ်။ မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ် ရေးသားပြုစုခဲ့တဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသားစာပေတစ်သက် တာဆုရှင်တွေကို ရွေးချယ်ချီးမြှင့်တာလို့ ဆိုပါတယ်။
အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူတွေကတော့ ဒေါက်တာမင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ ဒေါက်တာတိုးလှ၊ ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ ဒေါက်တာကျော်ဝင်း(သမိုင်း)၊ ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)နဲ့ ဦးညွန့် တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆက်လက်ပြီး အမျိုးသား စာပေဆုဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ(ဂန္တဝင်)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆု၊ ကလေးစာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန်(သုတ)၊ သုတပဒေသာ(ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပွံ)၊ သုတပဒေသာ(အသုံးချ သိပ္ပံ)၊ နိုင်ငံရေးစာပေဆု၊ အင်္ဂလိပ်ဘာသာ(သုတ)ဆု၊ ရသစာတမ်း (အက်ဆေး)ဆု၊ ရည်ညွှန်းစာပေဆု ရရှိသူတွေ ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမျိုးသားစာပေတစ်သက်တာဆုရှင်တွေကို တစ်ယောက်ကို ကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသား စာပေဆုတွေကိုတော့ တစ်ဆုကို ကျပ်သိန်း ၃၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွေဖြစ်တဲ့ ဝတ္ထုရှည်၊ ဝတ္ထုတို (ပေါင်းချုပ်)၊ ကဗျာ (ပေါင်းချုပ်)၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတ ပဒေသာ (ရိုးရိုးသိပွံ)နဲ့ (အသုံးချသိပ္ပံ)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ စာပေဆု၊ လူငယ်စာ ပေဆု၊ နိုင်ငံရေးစာပေဆု၊ ပြဇာတ်စာပေဆု၊ ဘာသာပြန်စာပေဆု၊ အင်္ဂလိပ်စာမူဆု ရရှိသူတွေကိုလည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။