ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄) လမ်းမပေါ်မှာ ဇူလိုင် ၂၅ ရက်၊ မနက် ၇ နာရီကျော်လောက်က ယာဉ်တိုက်မှု ဖြစ်ပွားပြီး နှစ်ယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဟိုင်းလပ်ယာဉ်ပေါ်ပါတဲ့ အမျိုးသမီး တစ်ယောက်နဲ့ Light Truck ယာဉ်ပေါ်ပါတဲ့ အမျိုးသားတစ်ယောက် စုစုပေါင်း နှစ်ယောက် သေဆုံးခဲ့ကာ ခြောက်ယောက် ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို မှော်ဘီမြို့နယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မြို့မလူမှုကူညီရေးအသင်းနဲ့ မြင့်မြတ် စေတနာ လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်တွေနဲ့ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေး ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။