ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့မှာ မကွေးမြသလွန်ဘုရားကြီးမှာ ပထမဆုံးအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ကာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ မြို့ပေါ်(၁၅)ရပ်ကွက်က ပြည်သူတွေ စုပေါင်းလှူဒါန်းကြတာဖြစ်ပါတယ်။

သံဃာတော်၊သီလရှင်စုစုပေါင်း (၁၂၃) ပါးကို ဆွမ်းဆန်စိမ်း လောင်းလှူကြတာဖြစ်ပြီး ဒီနှစ်မှာ ထူးထူးခြားခြား စတုဒိသာကျွေးမွေးတာ၊ဗျောစည်အဖွဲ့ပါဝင်တာတွေလည်း ရှိတယ်လို မြသလွန်ဘုရားကြီးဂေါပကအဖွဲ့ဝင် ဦးအောင်ဆန်းက ပြောပါတယ်။ ကဆုန်လပြည့်နေ့ မြသလွန်ဘုရားကြီးမှာ ဆွမ်းဆန်စိမ်းလောင်းလှူသူတွေ၊ ဘုရားဖူးသူတွေ၊ ညောင်ရေသွန်း လောင်းသူတွေနဲ့ စည်ကားနေပြီး ညောင်ရေသွန်းလောင်းသူတွေ အဆင်ပြေစေဖို့ ဘုရားကြီးရင်ပြင်တော်က ဗောဓိ ညောင်ပင်ကြီးမှာ ရွှေရောင်၊ငွေရောင် သုတ်ခြယ်ထားတဲ့ ရေအိုး၊ ရေကန်တွေ ပြင်ဆင်ထားရှိပေးထားတာလည်း တွေ့ရပါတယ်။