ဂျပန် ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၁၁၀၀ ကျော် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဇူလိုင် ၂၂ရက်က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၁၈ ခုရဲ့ အချက် အလက်တွေကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

စိစစ်ရာမှာတော့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ / ကုမ္ပဏီ တွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စိစစ်ချက်တွေအရ မြန်မာအလုပ်သမား အမျိုးသား ၄၀၀ ကျော်၊ အမျိုးသမီး ၆၀၀ ကျော် စုစုပေါင်း ၁၁၀၀ ကျော် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။