စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်မှာ ဇူလိုင်လ ၉ ရက် ည ၁၀ နာရီဝန်းကျင်က ဖယောင်း တိုင်မီးကနေတစ်ဆင့် နေအိမ် ၁၀ လုံးကျော် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင် မီးသတ်ဦးစီး ဌာနကနေ သိရပါတယ်။

အေးသာယာရပ်ကွက်က နေအိမ်တစ်အိမ်မှာ အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားရာကနေ ခြင်ထောင်ကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီနေတစ်ဆင့် တခြားအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မုံရွာခရိုင်နဲ့ မြို့နယ်မီးသတ် စခန်းတွေက သွားရောက်ငြှိမ်းသတ်ခဲ့ရရာ ည ၁၁ နာရီ ၅ မိနစ်မှာ မီးငြိမ်းသွားပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။