မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စက်တင်ဘာလ(၁၈)ရက်ညပိုင်းလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုဟာ စတင်လောင်ကျွမ်းပြီး အချိန်(၁)နာရီကျော်လောက်အကြာမှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ(၁၈)ရက် ည ၆ နာရီ ၃၅ မိနစ်အချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ် H-၁၉၆၊ (၁၃၉)လမ်းနဲ့ (၆၁)လမ်းကြားမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို စတင်လောင်ကျွမ်းချိန်မှာပဲ Level 1 မီးသတ်ယာဉ်အုပ်စုနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီ ၄၆ မိနစ် အချိန်လောက်မှာတော့ Level 2 ယာဉ်အုပ်စုနဲ့ ဆက်လက်သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ ည ၇ နာရီ ၄၈ မိနစ်အချိန်လောက်မှာတော့ လုံးဝမီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရတဲ့အခြေအနေနဲ့ ပျက်စီးဆုံးရှုံး မှု တန်ဖိုးကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့