မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံ၊ နှလုံးအထူးကုဆောင်မှာ အောက်တိုဘာ ၁ ရက်၊ မနက် ၅ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့ကသွားရောက်ငြိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကတော့ နှလုံးအထူးကုဆောင်၊ မြေညီထပ်ရှိ အဲကွန်းကိုသွယ်တန်းထားတဲ့ Safeguard ပလပ် အပူလွန်ကဲပြီးမီးလောင်ခဲ့တာဖြစ်တယ်လို့လည်း မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့ထံကသိရပါတယ်။ မီးလောင်မှုကြောင့် လူနာနဲ့ အခြားအဆောက်အအုံပစ္စည်းတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။