ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင်း ဇူလိုင် (၂၆)ရက်ကစပြီး မြို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်ကာ ရေကြီးမှုတွေ ဖြစ်ပွားနေတာပါ။ အဲဒီလို ရေကြီးနေတာကြောင့် ရေးဘေးသင့် ပြည်သူ တွေအတွက် ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခု ဖွင့်လှစ်ထားတယ်လို့ ဘားအံခရိုင် မီးသတ်တပ်ဖွဲ့ဦးစီးဌာနက သိရပါတယ်။

ဘားအံမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၅)၊ အမှတ်(၆)၊ စတဲ့ အနိမ်းပိုင်း ရပ်ကွက် တွေမှာ ရေကြီးနေတာဖြစ်ပြီး ပြည်သူတွေကို ယာယီကယ်ဆယ်ရေးစေခန်းတွေမှာ ပြောင်းရွှေ့နေရာချထားတာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ နေအိမ်တွေကို ပြန်ကာ နေထိုင်လို့ အဆင်မပြေတဲ့အပြင် ကျန်ရှိနေတဲ့ အနိမ်းပိုင်းရပ်ကွက်တွေက ပြည်သူတွေကိုလည်း ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေရပါတယ်။ ကယ်ဆယ်ရေးစခန်း(၂၄)ခုမှာ လူဦးရေ (၁)သောင်းကျော်လောက်ကို နေရာချထားပေးပြီးဖြစ်တယ်လို့ ဘားအံခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။ ယာယီကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ ပြည်သူတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့က တစ်ပတ်စာ စားနပ်ရိက္ခာ တွေ ထောက်ပံ့ပေးထားပြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနကလည်း (၇)ရက်စာ ထောက်ပံ့ငွေတွေ ပေးအပ် နေတယ်လို့ သိရပါတယ်။