ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဖို့ ဩဂုတ် ၁၂ ရက်က လျှောက် ထားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။ဦးစိုးပု ခေါင်းဆောင်တဲ့ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၂ ပါတီရှိတဲ့အနက် ၁ ပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်ခဲ့ပြီး ၁၈ ပါတီကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ကျန်ပါတီတွေကိုလည်း မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။လက်ရှိမှာတော့ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီ ၅၀ ရှိပြီး ပါတီသစ် တည်ထောင်ခွင့် လျှောက်ထားတဲ့ ၂၂ ပါတီကိုလည်း တည်ထောင်ခွင့် ပြုထားတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က သိရပါတယ်။