ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီဟာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုဖို့ လျှောက်ထားလာတယ်လို့ မေလ ၅ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိအချိန်ထိ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားတဲ့ ပါတီ ၂၅ ပါတီရှိပြီး နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၅ ပါတီ ရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊အခုလျှောက်ထားတဲ့အဖွဲ့ကို ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်၊၊