ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်းက နေအိမ်တစ်အိမ်မှာ စက်တင် ဘာ ၄ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကနေသိရပါတယ်၊၊
မီးလောင်မှုကတော့ စက်တင်ဘာလ ၄ ရက်၊ ည ၇ နာရီကျော်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး နာရီဝက်နီးပါးအကြာမှာ မီးငြိမ်းသွားခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် အမျိုးသားတစ်ယောက်ဒဏ်ရာရရှိခဲ့ပြီး လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်နဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကနေသိရပါတယ်၊၊ မီးလောင်ရတဲ့ အကြောင်း ရင်းကတော့ နေအိမ်မှာဖယောင်းတိုင်ထွန်းထားရာကနေလဲကျပြီး မီးကူးစက်လောင်ကျွမ်းခဲ့တာလို့သိရပါတယ်။
မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးနဲ့ အနီးရှိ ၃ လွှာတိုက်ခန်းက ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း အခင်းဖြစ် ရပ်ကွက်မှာနေထိုင်သူတွေကပြောပါတယ်။