သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပတဲ့ (၇၇)ကြိမ်မြောက် တိပိဋက ဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနားနဲ့ အောင်လက်မှတ်ဆက်ကပ်ပွဲ မဟာမင်္ဂလာအခမ်းအနားကို မေလ ၂၂ ရက်က ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်မှာ ကျင်းပပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဆရာတော်ကြီးတွေ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးတွေ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ကြီးတွေနဲ့ ရဟန်းသံဃာတော်တွေ ကြွရောက်ခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအပါအဝင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအောင် သာသနာ့အာဇာနည် အရှင်မြတ်တွေ ကို ဘွဲ့တံဆိပ်အဆောင်အယောင်နဲ့ အောင်လက်မှတ်တွေကို ဆက်ကပ်ပူဇော်ခဲ့ပါတယ်။မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရတဲ့ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲတွေ ကိုလည်း ဇွန်လထဲမှာ ပြန်လည်ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။