ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အထပ်မြင့်နေအိမ်တိုက်ခန်း ရှစ်လွှာမှာ စက်တင်ဘာလ ၁ ရက်၊ ညပိုင်း က အမျိုးသမီးတစ်ယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တဲ့ မြန်မာမွတ်စလင် ပရဟိတအဖွဲ့ကနေ သိရပါတယ်၊၊
အခင်းဖြစ်စဉ်ကတော့ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဋ္ဌာန်လမ်းရှိ နေအိမ်တိုက်ခန်း ရှစ်လွှာမှာ အမျိုးသမီးတစ်ယောက် သေဆုံးနေတယ်လို့ သတင်းအရ သက်ဆိုင်ရာက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၂၆ နှစ် အရွယ် ဆရာမတစ်ယောက်ဖြစ်ပြီး ပက်လက်အနေအထားနဲ့ သေဆုံးနေတာ ဖြစ်တယ်လို့လည်း မြန်မာ မွတ်စလင် ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
သေဆုံးရုပ်အလောင်းကို မြန်မာမွတ်စလင် ပရဟိတ အဖွဲ့က လူနာတင်ယာဉ်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊