တရုတ်နိုင်ငံက Songshan ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။အခုရောက်ရှိလာတဲ့ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့မှာ စုစုပေါင်း ၁၄ ပါး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ကို ဗဟန်းမြို့နယ်ရှိ ကွမ်ရင်စီကျောင်းတိုက်ကို ပင့်ဆောင်ပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ Sky Star Hotel မှာ ခေတ္တအနားယူပြီး ညနေပိုင်းမှာတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ကြတယ်လို့ သိရပါတယ်။