ဇိုမီးအမျိုးသားပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက် ထားလာတယ်လို့ ဇူလိုင်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့လျှောက်ထားတဲ့ ပါတီ ၁၈ ပါတီရှိပြီး နိုင်ငံရေးပါတီအဖြစ် ၁၄ ပါတီကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ကျန်ပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိအချိန်ထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာတဲ့ အဖွဲ့ ၂၇ ဖွဲ့ ရှိပြီး လျှောက်ထားတဲ့ အဖွဲ့တွေထဲကနေ နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့် ပြုပြီးဖြစ်တယ်လို့ သိရပါ တယ်၊၊