ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကားဝပ်ရှော့တစ်ခုမှာ ဇူလိုင် ၁၀ ရက်၊ မွန်းလွဲပိုင်းက ဆီဘောက်ဆာယာဥ်ကို ဝရိန်ဆော်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ 5B Taxi လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
အခင်းဖြစ်ရပ်ကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်း၊ အလယ်ဂိတ်မှတ်တိုင်အနီးရှိ ကားကြီးဝပ်ရှော့မှာ ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် ဝပ်ရှော့ အလုပ်သမားတစ်ယောက် သေဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ယောက်လည်း ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို မီးသတ်တပ်ဖွဲ့က လာရောက် ငြှိမ်းသတ်ခဲ့ပြီး လူမှုကူညီရေးအသင်း တွေကလည်း သေဆုံးသူနဲ့ ဒဏ်ရာရသူကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။