နိုင်ငံတည်ဆောက်ရေးမှာအရည်အချင်းရှိတဲ့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့နိုင်ငံသားတွေ လူမှန်နေရာမှန်ပါဝင်စေခြင်းဖြင့် ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်စေဖို့ဆိုတဲ့အချက်ကို အမြဲနှလုံးသွင်းထားဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပါတီဝင်တွေကို မှာကြားလိုက်ပါတယ်။

မတ်လ၁ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အဖွင့်မိန့်ခွန်းပြောကြားရာမှာ ဒေါက်တာသက်သက်ခိုင်က အခုလိုမှကြားလိုက်ဝာာပါ။ဒီဆွေးနွေးပွဲပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ ပါတီဝင်ထုကတစ်ဆင့် ပြည်သူလူထုအတွင်းလိုအပ်ချက်တွေ စိစစ်ဖော်ထုတ်ခြင်းအားဖြင့် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတစ်စောင် ထွက်ပေါ်လာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဆွေးနွေးပွဲက ဖော်ထုတ်ရရှိတဲ့အချက်အလက်တွေအပေါ်အခြေခံပြီး ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်တွေ ဆက်လက်ရေးဆွဲသွားရမှာဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။