ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေမှာရှိတဲ့ ဆဌသင်္ဂါယနာသာသန သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာ အေး စေတီတော်မြတ်ကြီး ရဲ့ ၇၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၅ ရက် ကနေ ၇ ရက်အထိ ကျင်းပပြုလုပ်နေပါတယ်။

ထမနဲထိုးပွဲတော်ကျင်းပနေတဲ့ ၃ ရက်အတွင်း ကောက်ညှင်းဆန် ၄ ပြည်ဆံ့ ထမနဲ ဒယ် ၃၀၀ ထိုး ပြီး အလှူရှင် တွေနဲ့ ဘုရားဖူးပြည်သူတွေကို လှူဒါန်းနေတယ်လို့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။ ၇၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာမှာ ဖေဖော်ဝါရီ ၄ ရက် ကနေ ၈ ရက်အထိ အသံမစဲမဟာ ပဋ္ဌာန်း ပူဇော်ပွဲကျင်းပနေပြီး ဖေဖော်ဝါရီ ၉ ရက်မှာတော့ ပဋ္ဌာန်း အောင်ပွဲ ပိတ်ပွဲကို ဆက်လက်ကျင်းပမယ်လို့ သိရ ပါ တယ်။

ပဋ္ဌာန်း အောင်ပွဲပိတ်ပွဲနဲ့အတူ ဆွမ်းဆန်စိမ်းလောင်းလှူကို ကျင်းပမှာဖြစ်ပြီး ပင့်သံဃာ ၄၅ ပါး ကို ဆွမ်းဆန်စိမ်း လောင်းလှူသွားမယ်လို့ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ဦးလှထွန်းက ပြောပါတယ်။ ကောက်ညှင်းဆန် ၄ ပြည်ဆံ့ ထမနဲတစ်ဒယ်ကို အမြင့်ဆုံး ကျပ် ၁ သိန်းခွဲ ပေါက်ဈေးရှိပြီး ၇၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ထမနဲထိုးပွဲမှာ ထိုးမယ့် ထမနဲဒယ် ၃၀၀ အတွက် လုပ်သားအင်အား ၁၀ ဦးကျော် အသုံးပြုထား တယ်လို့ ထမနဲထိုး ခေါင်းဆောင် ဦးအေးချိုက ပြောပါတယ်။