မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာရှိတဲ့ အင်းဝမြို့ဟောင်းကို ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ်စာရင်းတင်သွင်းနိုင်ရေးဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)ကနေသိရပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ ယူနက်စကိုက သတ်မှတ်ထားတဲ့ Guide Line တွေ ပြည့်စုံအောင် ကြိုတင်ပြင်ဆင် နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဓာတ်ပုံတွေပါတဲ့ လမ်းညွှန်မြေပုံ တွေ စိုက်ထူတာ၊ ဘုရားတစ် ဆူချင်းစီနဲ့ ရှေးဟောင်းအဆောက်အအုံတွေရဲ့သမိုင်းကြောင်း ကောက်ယူတာ၊ မြေပုံရေးဆွဲတာတွေဆောင်ရွက် နေပြီး နောက်ပိုင်းမှာ Tourism Network Roadနဲ့ Tourism အခြေခံ အဆောက် အအုံတွေကို ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အင်းဝမြို့ဟောင်းရဲ့ ရှေးဟောင်းနယ်မြေဧရိယာမှာ ၇ စတုရန်းမိုင်ကျယ်ဝန်းပြီး ရှေးဟောင်းစေတီပုထိုးနဲ့ အဆောက်အအုံပေါင်း ၉၆၁ ခုရှိတယ်လို့ သိရပါတယ်။
