ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတစ်ယောက်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက် ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်။
ဇူလိုင်လ ၁၀ ရက် မနက် ၇ နာရီ မိနစ် ၂၀ အချိန်လောက်က သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းက နှစ်ထပ်နေအိမ်အပေါ်ထပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်၊၊

မီးလောင်မှုဖြစ်ပွားရာနေရာကို အရှေ့ပိုင်းခရိုင်မီးသတ်စခန်း၊ သာကေတမြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ် မီးသတ်စခန်းတွေနဲ့အတူ ရှင်သန်ရေးကူညီမှုအသင်းတို့ သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး မနက် ၇ နာရီ ၂၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်၊၊
အဲဒီ မီးလောင်မှုအတွင်း အသက်(၈)နှစ်အရွယ် ယောကျာ်းလေးတစ်ယောက် သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုတော့ စံပြဆေးရုံကို ရှင်သန်ရေးကူညီမှုအသင်းကယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်၊၊