သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးမှာကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်စီစဉ်ဆောင်ရွက်နေတဲ့ စီစဉ်သူတွေထံကနေသိရပါတယ်။
အဲဒီဈေးပွဲတော်မှာ စားသောက်ကုန်၊ လူသုံးကုန်နဲ့အထွေထွေကုန်စည်မျိုးစုံကို ပြသရောင်းချမယ့်ဆိုင်ခန်းပေါင်း(၁၀၀) ကျော်ကို ဖွင့်လှစ်ရောင်းချသွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

သီတင်းကျွတ်ဈေးပွဲတော်ကိုကျင်းပပြုလုပ်ဖို့ အချိန်လိုသေးတာကြောင့် ဆိုင်ခန်းအရေအတွက်နဲ့ ရောင်းချပြသမယ့် ပစ္စည်းတွေကတော့ အတိုး၊အလျော့ရှိနိုင်တယ်လို့သိရပါတယ်။
သီတင်းကျွတ်ဈေးပွဲတော်မှာ ဖျော်ဖြေရေးအစီအစဉ်အဖြစ် Baby Talent Show ကို ထည့်သွင်းသွားမယ့်အပြင် နာမည်ကျော်အနုပညာရှင်တွေရဲ့ တေးသီချင်းဖျော်ဖြေမှုတွေလည်းပါဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နှစ်နှစ်အောက်ကလေးတွေအတွက်လည်း အခမဲ့မြေအိုး၊ ပန်းအိုးဆေးရေးခြယ်ခွင့်ကိုလည်း ဈေးပွဲတော်မှာ ထည့်သွင်းသွားဖို့ ရှိတယ်လို့သိရပါတယ်။