ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ လာမယ့်စက်တင်ဘာလ (၉)ရက်မှာ “ Blue Pansy ” လိပ်ပြာပုံ(၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကိုရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ“ Blue Pansy ” လိပ်ပြာပုံဟာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့လိပ်ပြာမျိုးစိတ်အဖြစ်မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီတံဆိပ်ခေါင်းသစ်ကို လာမယ့်စက်တင်ဘာလ(၉)ရက် မနက်(၉)နာရီခွဲအချိန်ကစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိစာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတို့မှာ စက်တင်ဘာလ(၉)ရက်မှာဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်ပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီတံဆိပ်ခေါင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်တွေမှာဝယ်ယူနိုင်ဖို့ဖြန့်ဝေထားရှိပြီးဖြစ်တယ်လို့လည်းသိရပါတယ်။