တိုင်းဒေသကြီး၄ခုက ရေဘေးသင့်ပြည်သူတွေအတွက် အရန်ဆန် တန်ချိန်၁၀၀၀ကျော်ကို ဒုတိယအကြိမ်အဖြစ် အခုအောက်တိုဘာလအတွင်းမှာ စတင်ဖြန့်ဝေလှူဒါန်းပေးနေပြီဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံဌာနခွဲကနေ သိရပါတယ်။
ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက ရေဘေးသင့်ပြည်သူတွေကို အာဆီယံ+၃ အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်ကနေ ဒုတိယအကြိမ်မြောက် ဖြန့်ဝေလှူဒါန်းတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖြန့်ဝေလှူပေးတဲ့ ဆန်တွေကတော့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေက လှူဒါန်းထားတဲ့ ဆန်တွေဖြစ်တယ်လို့ သိရပါတယ်။ အာဆီယံ+၃ အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်ကနေ ပထမအကြိမ်လှူဒါန်းပေးခဲ့စဉ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်၈ခုက ပြည်သူတွေကို ဆန်တန်ချိန် ၂၂၀၀ကျော် ဖြန့်ဝေလှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။