ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင်၁၄ခရိုင်မှာ လျှပ်စစ်ဓာတ်အားရရှိ/သုံးစွဲ/ပြတ်တောက်မှုတွေ၊ ထူးခြားဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဖြေကြားထားပါတယ်။
တာဝန်ကျဖြေရှင်းဆောင်ရွက်မယ့်အဖွဲ့တွေအနေနဲ့ မီဒီယာကဖြစ်စေ၊မီးသုံးစွဲတဲ့ ပြည်သူတွေကဖြစ်စေ တိုင်ကြားချက်တွေကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အင်အား၊ ယာဉ်ယန္တရားပစ္စည်းတွေကို ကြိုတင်စုဖွဲ့ထားရှိပြီး တိုင်ကြားချက်ရှိတာနဲ့ အမြန်ဆုံးသွားရောက်ဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်ကြားချက်တွေကို ဖြေရှင်းဆောင်ရွက်ရာမှာ မျှမျှတတ ညီညီမျှမျှနဲ့ တပြေးညီဖြစ်စေဖို့ စီမံထားသလို မြေပြင်ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ဌာနရဲ့ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်ကြားချက်တွေကို လက်ခံပြောဆိုနိုင်ဖို့ ဆက်သွယ်ရမယ့် တယ်လီဖုန်းနံပါတ်တွေကို ခရိုင်အလိုက် အသိပေးထားပြီး ကောင်းမွန်စွာရှင်းလင်းပြေကြားဖို့ စီမံထားတယ်လို့ သိရပါတယ်။