ပြည်သူ့အင်အားဒီမိုကရေစီပါတီဟာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုဖို့ မေလ ၈ ရက်မှာ လျှောက်ထားလာတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိအချိန်ထိ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားတဲ့ ပါတီ ၂၆ ပါတီရှိပြီး နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၆ ပါတီ ရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊အခုလျှောက်ထားတဲ့အဖွဲ့ကိုလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊