ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက Express ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကနေ သိရပါတယ်၊၊

ဇလွန်မြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ Express ယာဉ်တစ်စီးဟာ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်း ကျေးရွာ အုပ်စု၊ ပျဉ်ထောင်စုကျေးရွာ အနီးအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊အဲ့ဒီဖြစ်စဉ် ဖြစ်ပွားရာနေရာကို ဓနုဖြူမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊

အဲ့ဒီယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃) ယောက်ကိုလည်း ဓနုဖြူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်၊၊