မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း တောင်ကျရေအရှိန်ကြောင့် မော်တော်ယာဉ်တစ်စီးနဲ့အတူ ယာဉ်မောင်းအမျိုးသားတစ်ယောက်မျောပါသွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီရုံးကနေသိရပါတယ်။
ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးရှိ တောင်ကျချောင်းတစ်ခုမှာ မော်တော်ယာဉ်ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြောင့် အောက်တိုဘာလ(၁)ရက်နေ့ ညပိုင်းလောက်မှာ Probox အမျိုးအစားမော်တော်ယာဉ်တစ်စီးနဲ့ ယာဉ်မောင်းအမျိုးသားတစ်ယောက်မျောပါသွားတာဖြစ်ပါတယ်။

အောက်တိုဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ မော်တော်ယာဉ်နဲ့ ယာဉ်မောင်း အမျိုးသားရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီရုံးက သိရပါတယ်။