ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်မှုကို လက်ရှိအချိန်မှာ ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် သွားရောက်မယ့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဂရုပြုဆောင်ရွက်ကြဖို့လိုတယ်လို့ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်၊၊
ကိုရီးယားကို E-9 ဗီဇာနဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက စေလွှတ်နေပြီး E.7-3 ဗီဇာကိုတော့ ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေက စေလွှတ်ကာ လူဦးရေ ၁၀၀ ဝန်းကျင်ကို စေလွှတ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီလိုစေလွှတ်ပြီးဖြစ်တာကြောင့် ကိုရီယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်နိုင်ခြင်း မရှိသေးတာဖြစ်တယ်လို့ သိရပါတယ်၊၊ လက်ရှိမှာ ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်တဲ့ လုပ်သားတွေအနေနဲ့ တရားမဝင်လမ်းကြောင်း ကနေ သွားရောက်လုပ်ကိုင်တာ များပြားနေပြီး တရားဝင်လိုင်စင်ရ အေဂျင်စီတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ သွားရောက်လုပ်ကိုင်ဖို့ လိုတယ်လို့လည်း အသိပေးထားပါတယ်၊၊