ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် စာအုပ်ကြေးကို စက်တင် ဘာ ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံနေတယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
အရင်က မြန်မာ နိုင်ငံသားတွေရဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေနဲ့ ပတ်သက်ပြီး သက်တမ်းတိုးတွေအတွက် စာအုပ်တစ်အုပ်ကို ကိုရီးယားဝမ် ၄ သောင်း ၈ ထောင်၊ ပျောက်ဆုံးဒဏ်ကြေးအတွက် စာအုပ်တစ်အုပ်ကို အမေရိကန် ဒေါ်လာ ၁၀၅ ဒေါ်လာနဲ့ သက်တမ်းလွန်ဒဏ်ကြေးအတွက် တစ်နှစ်ကျော်လွန်ရင် အမေရိကန် ၁၅ ဒေါ်လာ စတဲ့ နှုန်းထားတွေ သတ်မှတ်ကောက်ခံပြီး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊

လက်ရှိမှာတော့ မြန်မာနိုင်ငံသားတွေရဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ကို ကိုရီးယားဝမ် ၅ သောင်း ၅ ထောင်အဖြစ် ပြောင်းလဲသတ်မှတ်ကောက်ခံမှာဖြစ်ပြီး ပျောက်ဆုံးဒဏ်ကြေးနဲ့ သက်တမ်းလွန်ဒဏ်ကြေးတွေကို တော့ ပြောင်းလဲကောက်ခံတာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
ဒါ့အပြင် ပြည်တွင်းမှာလည်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေအနေနဲ့ လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ပတ်စ်ပို့စာအုပ်ကြေးကို အရင် ကျပ်သုံးသောင်းခွဲကနေ အခု ကျပ်လေးသောင်း ပြောင်းလဲသတ်မှတ်ထားတယ်လို့ လည်း သိရပါတယ်။