လက်ရှိတည်ဆောက်တပ်ဆင်ပြီးစီးတဲ့ မိတ္ထီလာတပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဟာစက်စွမ်းအားပြည့်လည် ပတ်မယ်ဆိုရင် တစ်ရက်ကိုချည်ပေါင်ချိန် ၄၈၄၀ တန်အနေနဲ့ဆိုရင် နှစ်တန်ခန့် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ထွက်ရှိ လာတဲ့ ၂/၈၀ချည်ချောတွေကို ပြည်သူလူထုအတွက်လိုအပ်တဲ့ လုံချည်နဲ့ပိတ်တွေအဖြစ် ရက်လုပ်မှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ(၁၆)ရက်၊ မနက်ပိုင်းကကျင်းပပြုလုပ်တဲ့တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)၂/၈၀ ချည်ချောစက်ရုံဖွင့်ပွဲအခမ်းအနားမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။၂/၈၀ချည်တွေကိုပြည်တွင်းက ထွက်တဲ့ဝါတွေနဲ့ထုတ်လုပ်နိုင်ရေး စက်ပစ္စည်းတွေကိုဖြည့်ဆည်းပေးခဲ့ရာမှာ အခုဆိုရင်စတင်လည်ပတ်နိုင်ပြီဖြစ် တယ်လို့ပြောပါတယ်။

ဒါ့အပြင် ပိုလျှံတဲ့ချည်တွေကိုလည်း ပြည်ပဈေးကွက်ကိုဈေးနှုန်းသက်သာစွာနဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့လည်းဆိုပါတယ်။အခုလို၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်လှစ်နိုင်တာဟာမြန်မာနိုင်ငံရဲ့ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှုရဲ့အစဖြစ် တယ်လို့ပြောပါတယ်။ဒါ့အပြင် အဆင့်မြင့်ချည်ထည်တွေထုတ်လုပ်နိုင်တဲ့ဝါမျိုးကောင်းမျိုးသန့်တွေကိုစိုက်နည်း စနစ်မှန်ကန်စွာ ဆောင်ရွက်ပြီးဝါအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ကြဖို့လိုတယ်လို့လည်းပြောကြားသွားပါတယ်။