မကွေးတိုင်းဒေသကြီး အောင်လံမြို့မှာ သက်သတ်လွတ်ထမင်းတွေကို အလှူရှင်တွေရဲ့အကူအညီနဲ့ နေ့စဥ်ကျွေး မွေးလှူဒါန်းနေတယ်လို့ ကရိသျှဏအနုဿတိအသင်းကနေ သိရပါတယ်။
အောင်လံမြို့ ကရိသျှဏအနုဿတိအသင်းကနေ အာဟာရဒါန Food For Life အစီအစဥ်နဲ့ နေရာအနှံ့မှာ ကျွေးမွေးလှူဒါန်းနေတာဖြစ်တယ်လို့ အောင်လံမြို့ ကရိသျှဏအနုဿတိအသင်းရဲ့ တာဝန်ရှိသူတစ်ဦးကအခု လိုပြောပါတယ်။ (အင်တာဗျူး)
အဲဒီလို အဟာရဒါနကျွေးမွေးတာကို လူမျိုးမရွေး ဘာသာမရွေး လာရောက်စားသုံးနိုင်ကာ နေ့စဥ်အလှူရှင်တွေရဲ့ အကူအညီနဲ့ မြို့ပေါ်ရပ်ကွက်တွေရဲ့နေရာအနှံ့မှာ လှူဒါန်းမယ်လို့လည်း သိရပါတယ်။