နိုင်ငံတော်ဩဝါဒစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော် ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိ အဘိ ဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရကို နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နဲ့ ဇနီးမိသားစုတိုက ကျပ်သိန်း ၂၀၀ နဲ့တပ်မတော်ကြည်း ၊ ရေ ၊ လေ မိသားစုတွေက ဘိလပ်မြေတန်ချိန် ၁၅၀၀ ဆပ်ကပ်လှူဒါန်းခဲ့ကြတယ်လို သတင်းထုတ်ပြန်ပါတယ်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဘုရား ၊ စေတီပုထိုးတွေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖိုအတွက် ဧပြီလ ၁၉ရက်မှာ အခုလို လှူဒါန်းခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

အခုလိုလှူဒါန်းမှုအစုစုအတွက် ငလျင်သဘာဝဘေးကြောင့် အသက်ခန္ဓာဆုံးရှုးခဲ့ရတဲ့ ရဟန်းသံဃာတွေ ၊ သာသနာ့နွယ်ဝင်သီလရှင်တွေနဲ့ ပြည်သူတွေကို အမျှပေးဝေခဲ့ကြပါတယ်။

ဒါ့အပြင် နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စစ်ကိုင်းမြို (အင်းဝ) တံတား ပြိုကျပျက်စီးခဲ့တဲ့အခြေအနေနဲ့ စစ်ကိုင်းမြိုအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေတွေ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို ဆိုပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငလျင်ဒဏ်ကြောင့် ဗုဒ္ဓရုပ်ပွားတော်တွေ ထိခိုက်ပျက်စီးမှု အခြေအ နေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူလက်ရာတွေအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်ဖို သက်ဆိုင်ရာတာဝန်ရှိ သူတွေကို လမ်းညွှန်မှာကြားခဲ့တယ်လို သိရပါတယ်။