နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က လူပုဂ္ဂိုလ် ၉၁ယောက်ကို ဂုဏ်ထူးဆောင်ဘွဲတွေ၊ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်အပ်နှင်းလိုက်တယ်လို နစကသတင်းထုတ်ပြန်ရေးအဖွဲက မတ်လ၁၃ရက် ရက်စွဲနဲ့ အိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။အဲဒီလိုချီးမြှင့်ရာမှာ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲဖြစ်တဲ့ သူရဘွဲကို ဗိုလ်မှူးကြီးရန်နောင်စိုးနဲ့ ဗိုလ်မှူးအောင်သူတိုကို ချီးမြှင့်အပ်နှင်းလိုက်တယ်လိုဖော်ပြထားပါတယ်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်၁၆ယောက်ကို ချီးမြှင့်အပ်နှင်းလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ ရဲဗလတံဆိပ်ကို လူပုဂ္ဂိုလ်၆၁ယောက်ကို ချီးမြှင့်အပ်နှင်းလိုက်တယ်လို ဆိုပါတယ်။ဒါ့အပြင် ဂုဏ်ထူးဆောင်တံဆိပ်တွေဖြစ်တဲ့ စီမံထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၁ယောက်၊ စီမံထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၄ယောက်၊ နည်းပညာထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၂ယောက်၊ နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၅ယောက် ချီးမြှင့်အပ်နှင်းလိုက်တယ်လို ထုတ်ပြန်ထားပါတယ်။