မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ လိပ်ပြာမျိုးစိတ် “Red Lacewing” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ် ခေါင်းသစ် တစ်မျိုးကို မတ်လ ၁၉ ရက်မှာ ရောင်းချပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းကနေ သိရပါတယ်။

အဲဒီစာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို မတ်လ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်ကစတင်ပြီး နေပြည်တော်ဗဟိုစာ တိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေး စာတိုက်ကြီးတွေမှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ်တွေ ရိုက်နှိပ်ပေးသွား မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီစာပို့တံဆိပ်ခေါင်းသစ်တွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်တွေ မှာ ဝယ်ယူနိုင်ဖို့ ဖြန့်ဝေထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။