ရွှေသံလွင်လုပ်ငန်းစုက မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ဧပြီ ၄ ရက်ကစပြီး ထမင်းနဲ့ဟင်းတွေ ကျွေးမွေးလှူဒါန်းနေပါတယ်။ အဲဒီလိုကျွေးမွေးလှူဒါန်းရာမှာ မနက်ပိုင်းအတွက် လူအယောက် ၅၀၀၀ စာ၊ ညနေပိုင်းအတွက် လူအယောက် ၅၀၀၀ စာ စုစုပေါင်း ထမင်းဘူး ၁၀၀၀၀ လှူဒါန်းတာဖြစ်ပါတယ်။

အခုလိုလှူဒါန်းမှုကို ဧပြီ ၄ ရက်ကစပြီး ၁၀ ရက်တိုင်တိုင် ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေသံလွင်လုပ်ငန်းစုအနေနဲ့ နေပြည်တော်မှာလည်း မတ်လ ၃၁ ရက်ကစပြီး မနက်ပိုင်းမှာ လူအယောက် တစ်သောင်းစာ၊ ညနေပိုင်းမှာ လူအယောက်တစ်သောင်းစာ စုစုပေါင်း လူအယောက်နှစ်သောင်းစာ ထမင်းနဲ့ ဟင်းတွေ ကျွေးမွေးလှူဒါန်းနေပါတယ်။

ရွှေသံလွင်လုပ်ငန်းစုဟာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြုံတဲ့ အချိန်တွေမှာ အခက်အခဲဖြစ်ပေါ်တဲ့ သဘာဝဘေးဒဏ်သင့် ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။