ရွှေသံလွင်ကုမ္ပဏီမိသားစုကနေ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ဧပြီလ ၃ ရက်က ထမင်းနဲ့ဟင်းပါတဲ့ ဘူးပေါင်းနှစ်သောင်း လှူဒါန်းခဲ့ပါတယ်။

အဲဒီနေ့က လှူဒါန်းရာမှာတော့ ထမင်းနဲ့ အသားတုအာလူးရောအပြင် ငရုတ်သီးခွဲခြမ်းမြေပဲရောကြော်ပါဝင်တဲ့ ထမင်းဘူးတွေကို မနက် တစ်သောင်းနဲ့ ညနေတစ်သောင်း ထပ်မံလှူဒါန်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအနေနဲ့ စားသောက်နေထိုင်းရေးမှာ အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလိုလှူဒါန်းပေးတဲ့အတွက် အများကြီး ဝမ်းသာမိတယ်လို့ ပြည်သူတွေက ပြောပါ တယ်။

အခုလိုလှူဒါန်းနိုင်ဖို့အတွက်ကိုလည်း ချက်ပြုတ်ပြင်ဆင်ရေးအဖွဲ့ အယောက် ၁၀၀ နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး နောက်ရက်တွေမှာတော့ နေပြည်တော်ကောင်စီနယ်မြေအပြင် မန္တလေးမှာလည်း ထမင်းဘူးတစ်သောင်း ဆက်လက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။