ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်နဲ့ ညောင်ရေသွန်းပွဲတော်ကို မေလ ၁၁ ရက် ကဆုန်လပြည့်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေမော်ဓော စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။

ကဆုန်လပြည့်နေ့ မနက် ၅ နာရီမှာ ဗုဒ္ဓပူဇာအစီအစဉ်ဖြင့် သံဃာအပါး ၁၀၀၀ နဲ့ ရွှေမော်ဓော စေတီတော်ကြီးကို ဗုဒ္ဓါဘိသေကအနေကဇာသဘင် ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနောက် မနက် ၅ နာရီခွဲမှာ သံဃာအပါး ၁၀၀၀ နဲ့ သီလရှင်အပါး ၁၀၀ တို့ကို အာရုံဆွမ်း ကပ်လှူပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်ကိုတော့ ရင်ပြင်တော်ပေါ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ညောင်ရေသွန်းပွဲတော်ကို ညနေ ၄ နာရီက စတင်ကျင်းပမှာြဖစ်ပြီး ညနေ ၆ နာရီမှာတော့ ဗုဒ္ဓဗိမာန်တော် ကြီးမှာ ဓမ္မသဘင်ကျင်းပသွားမှာဖြစ်တယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။