ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ သက်တော်(၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲအဖြစ် လူဦးရေ သုံးသောင်းစာကို စတုဒိသာကျွေးမွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊ မွေးနေ့ပူဇာပွဲကိုတော့ လာမယ့် မတ်လ ၁၃ ရက်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာ ဓမ္မစင်တာအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်၊၊

ဆရာတော်ကြီးရဲ့ ညွှန်ကြားချက်နဲ့ မွေးနေ့ပူဇာပွဲ ကျင်းပမယ့် ပြင်ဦးလွင်၊ အောင်ချမ်းသာ ဓမ္မစင်တာအတွင်းမှာ တရားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နဲ့ ကားပါကင် နေရာတွေအတွက် ရှင်းလင်းရေးလုပ်ငန်းတွေကို ဇန်နဝါရီ ၂၀ ရက် က စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဟာ ဇန်နဝါရီ ၂၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို တစ်နှစ်တစ်ခါ ပုံမှန်ဆေးစစ်မှု ခံယူဖို့ ကြွတော်မူခဲ့တယ်လို့လည်း သိရပါတယ်။