Elon Musk ရဲ့ X ကို ကျော်ပြီး Reddit ဟာ ဗြိတိန်မှာ ပဉ္စမမြောက် လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာ ပလက် ဖောင်းတစ်ခု ဖြစ်လာတယ်လို့ Reuters သတင်းမှာ ဖော်ပြလာပါတယ်။

အခုနှစ်အတွင်း ဗြိတိန်မှာ Reddit ကို အသုံးပြုသူဦးရေက ၂၂ ဒသမ ၉ သန်းနီးပါးရှိပြီး X ပလက်ဖောင်းနဲ့ယှဉ်ရင် အသုံးပြုသူဦးရေက ၈ သိန်းနီးပါး တိုးလာတာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ဆိုရှယ်မီဒီယာပလက်ဖောင်း Reddit ကို အလျင်မြန်ဆုံး တိုးတက်နေပြီး ကြီးမားတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း ဖြစ်လာဖို့အတွက် ရည်ရွယ်ထားတယ်လို့ သက်ဆိုင်ရာ ဝာာဝန်ရှိသူတွေ က ပြောကြားထားပါတယ်။ အခုနှစ်အတွင်း Reddit ဟာ Google ရဲ့ Search Engine လို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အက်ပလီကေးရှင်းပြောင်းလဲမှုတွေ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ update တွေကြောင့် ဆိုရှယ်မီဒီယာပလက်ဖောင်း Reddit ကို အသုံးပြုသူ အရေအတွက်ဟာ သိသိသာသာ တိုးမြင့် လာတာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးအေဂျင်စီ Accura Cast(အကူရာ ကာ့စ်) က ပြောကြားထားပါတယ်။