ဆိုရှယ်မီဒီယာဥပဒေသစ်အရ WeChat နဲ့ TikTok တို့ကို လုပ်ငန်း လည်ပတ်ခွင့် လိုင်စင် တွေ ထုတ်ပေးခဲ့ကြောင်း မလေးရှားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုငင်ံအနေနဲ့ မြင့်တက်လာနေတဲ့ ဆိုက်ဘာရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရည်ရွယ်ပြီး နိုင်ငံတွင်းမှာ လည်ပတ် မယ့် နည်းပညာကုမ္ပဏီတွေကို စည်မျဉ်းဥပဒေအသစ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။အဲဒီဥပဒေက မလေးရှားရှိ သုံးစွဲသူ ၈ သန်းကျော်အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ စာတိုပေးပို့ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရယူရမယ့် ကုမ္ပဏီတွေနဲ့ များစွာသက်ရောက်မှု ရှိနေတာပါ။

WeChat နဲ့ TikTok တို့ဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီ တာကြောင့် လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ထုတ်ပေးခဲ့တာဖြစ်တယ်လို့ Malaysian Communications and Multimedia Commission က ပြောကြားထားပါတယ်။