ဘီလီယံနာ Elon Musk ဟာ USAID ကို ပိတ်ပစ်ဖို့အတွက် ပစ်မှတ်ထားနေကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ယောက်ရဲ့ ပြောကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း USAID ကို အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပေါင်းစည်းဖို့ စဉ်းစားနေပြီး အေဂျင်စီ စွမ်းဆောင်ရည်ကို ကြီးကြပ်ဖို့အတွက် အီလွန်မတ်စ်ကို အပ်နှင်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘီလီယံနာ Elon Musk ဟာ USAID ကို ပိတ်ပစ်ဖို့အတွက် ပစ်မှတ်ထားနေတာကြောင့် USAID မှာ အလုပ်လုပ်နေကြတဲ့ ဒါဇင်ပေါင်းများစွာသော အေဂျင်စီဝန်ထမ်းတွေနဲ့ ကန်ထရိုက်တာတွေက USAID ရုံးချုပ်ရှေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ USAID ကို အမေရိကန်နိုင်ငံခြားရေးဌာနလက်အောက်မှာ ထားရှိရင် အမေရိကန်ပြည်ထောင်စု ဆီကနေ အကူအညီတွေ ဖြန့်ဝေဖို့အတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာမယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။