အမေရိကန်ပြည်ထောင်စုမှာ ပြင်းထန်တဲ့ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့ ပထမဆုံး လူနာ တစ်ဦး တွေ့ရှိခဲ့ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန CDC ပါတယ်။

အမေရိကန်နိုင်ငံ Louisiana ပြည်နယ်မှာ ပထမဆုံး ကြက်ငှက်တုပ်ကွေး လူနာတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လူနာဟာ မကျန်းမာပြီး သေသွားတဲ့ ငှက်တွေနဲ့ ထိတွေ့ခဲ့တယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာန စီဒီစီက ထုတ်ပြန်ပါတယ်။ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ ပြင်းထန်တဲ့ နာမကျန်းမှုရဲ့ အစဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေကပြောပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ဟာ မကြာသေးမီက အမေရိကန်ပြည်ထောင်စုရှိ တောရိုင်းငှက်တွေနဲ့ ကြက်ငှက်တွေမှာ တွေ့ရှိခဲ့တဲ့ အခြား D1.1 ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်တဲ့ ဗိုင်းရပ်စ်ပိုးတွေဖြစ်တယ်လို့သိရပါတယ်။အရင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရတဲ့ လူနာတွေကတော့ ရောဂါ မပြင်းထန်ဘဲ၊ အများစုမှာ ကြက်နဲ့ နွားမွေးမြူရေးခြံတွေက အလုပ်သမားတွေ ဖြစ်ကြပါတယ်။ ၂၀၂၄ ဧပြီလကတည်းကဆိုရင် အမေရိကန်မှာ H5 ငှက်တုပ်ကွေး ဖြစ်ခဲ့သူ စုစုပေါင်း ၆၁ ယောက် ရှိခဲ့တယ်လို့ စီဒီစီက သတင်းထုတ်ပြန်ထားပါတယ်။