အမေရိကန်ပြည်ထောင်စုကို ရှားပါးတွင်းထွက်ပစ္စည်း တွေ တင်ပို့မှု တရုတ်တားမြစ်တော့မှာဖြစ်ကြောင်း NPR News မှာရေးသားထားပါတယ်။

ဂယ်လီယံ၊ ဂျာမနီယမ်၊ ခနောက်စိမ်း သတ္တုတွေအပြင် စူပါဟာ့ဒ်ပစ္စည်းတွေလို့ ခေါ်ဝေါ်တဲ့ ဂရပ်ဖိုက်တွေ တင်ပို့မှုကိုလည်းပြန်လည်တင်းကျပ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို NPR မှ တာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။ဂျာမနီယမ်နဲ့ ဂယ်လီယမ်ကို အီလက်ထရွန်နစ်ပစ္စည်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အနီအောက်ရောင်ခြည်၊ ဆိုလာဆဲလ်တွေနဲ့ လက်နက် ထုတ်လုပ်ရာမှာ အများစုအသုံးပြုကြတာဖြစ်ပါတယ်။

အမေရိကန်မှာ သတ္တုတွင်းထွက်ပစ္စည်းတွေ ပေါများပေမယ့် လုံလောက်မှုမရှိတာကြောင့် ပြည်ပကနေ ဝယ်ယူတင်သွင်းနေရတာဖြစ်ပါတယ်။အမေရိကန် သမ္မတ Biden အနေနဲ့ တရုတ်ကို အဆင့်မြင့် နည်းပညာကို တင်ပို အသုံးပြုခွင့် တားမြစ် ပိတ်ပင် ထားတာဖြစ်ပြီး လက်ရှိမှာ တရုတ်အနေနဲ့ အမေရိကန်ကို ရှားပါးတွင်းထွက်ပစ္စည်း တွေ တင်ပိုမှုတားမြစ်ဖို စီစဉ်ခဲ့တာဖြစ်ပါတယ်။