နှစ်စဥ်ရွေးချယ်နေကျ Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာအတွက် အထူးခြားဆုံး အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ကို ရွေးချယ်လိုက်ကြောင်း AP သတင်းမှာ ရေးသားထားပါတယ်။

တစ်နှစ်တာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ထရမ့် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲ၊ လူဝင်မှုကြီးကြပ်ရေး၊အကြမ်းဖက်သမားတွေနဲ့ အရှေ့အလယ်ပိုင်းအရေးတွေကို ဆွေးနွေး တဲ့ ကျယ်ပြန့်တဲ့ တွေ့ဆုံမေးမြန်းမှုတွေကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ ထရမ့်က သတင်းတွေအပေါ် သက်ရောက်မှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ Time မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Jacobs က ပြောပါတယ်။

ထရမ့် ဟာ ၂၀၁၆ ခုနှစ်အတွင်းက Time မဂ္ဂဇင်းကရွေးချယ်ထားတဲ့ တစ်နှစ်တာ အတွက် အထူးခြားဆုံးဆုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အထူးခြားဆုံးလူအဖြစ် ရွေးချယ်ရာမှာ ဒုတိယသမ္မတ ကင်မ်မလာ ဟဲရစ်စ်၊အီလွန် မာ့က်စ်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဝေလ မင်းသမီး ကိတ် တို့ကိုပါ စဥ်းစားခဲ့ပြီး နောက်ဆုံးမှာ ထရမ့်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။