Tik Tok ရှယ်ယာတစ်ဝက်ရောင်းဖို့အတွက် အဆိုပြုထားတာကို လက်မခံရင် တရုတ်ပစ္စည်းတွေအပေါ် အခွန် တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား လာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတာနဲ့အတူ ကုန်သွယ်ရေးစစ် အသစ်တွေ ဖြစ်လာမလားလို့ စိုးရိမ်လာကြတဲ့ အချိန်မှာ ဥရောပသမဂ္ဂ၊ ဂျာမနီနဲ့ တရုတ် ခေါင်းဆောင်တွေက ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်ရေးကို ကာကွယ်ကြဖို့ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပနေတဲ့ ညီလာခံမှာတော့ အခုသီတင်းပတ်တွင်း သမ္မတထရမ့်က အွန်လိုင်းကနေ ဆွေးနွေးဖို့ သွား ရှိပါတယ်။ ပိတ်ဆို့ကာကွယ်ရေးဝါဒနဲ့တော့ ကုန်သွယ်ရေးစစ်မှာ ဘယ်ကိုမှ ရောက်မှာ မဟုတ်သလို၊ နိုင်သူလည်း ရှိမှာ မဟုတ်ဘူးလို့ တရုတ် ဒုတိယဝန်ကြီးချုပ် ဒင်ချုချန်း (Ding Xuexiang)က ပြောပါတယ်။

Tik Tok ကို တစ်ဝက်ရောင်းဖို့ သူ အဆိုပြုထားတာကို လက်မခံဘူးဆိုရင် တရုတ်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့် သွားမှာဖြစ်ကြောင်း ထရမ့်က ဇန်နဝါရီလ ၂၁ ရက်က ပြောကြားခဲ့တာပါ။ အခုလို ထရမ့်ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ထရမ့်နဲ့ စောစော ထိတွေ့ဆက်ဆံပြီး ညှိုနှိုင်းဖို့ အဆင်သင့်ရှိပါတယ်လို့ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌက ပြောကြားထားပါတယ်။