အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုခွင့်ကို ပိတ်ပင်ဖို့အတွက် ငြင်းခုံနေမှုတွေကို ခေတ္တရပ်ဆိုင်းထားဖို့ အမေရိကန်တရားရုံးချုပ်ကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

TikTok ကိစ္စကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အချိန်ကာလတစ်ခုလိုအပ်နေတာဖြစ်ပြီး လက်ရှိမှာ ငြင်းခုံနေတဲ့ဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ခေတ္တရပ်ဆိုင်းထားဖို့ အမေရိကန်တရားရုံးချုပ်ကို တိုက်တွန်းထားတာဖြစ်ပါတယ်။
အဆိုပါအမှုကို လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ အမေရိကန် တရားရုံးမှာ ကြားနာဖို့ စီစဉ်ထားတာဖြစ်ပြီး ဥပဒေအရ ByteDance ကုမ္ပဏီဟာ TikTok ကို အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခုဆီကို ရောင်းချရမှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး TikTok app ကို ရောင်းချ ပိတ်ပင်ဖို့ အမေရိကန်ကွန်ဂရက်က ပြီးခဲ့တဲ့ ဧပြီလအတွင်းက မဲခွဲဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ထရမ့်ဟာ TikTok စီအီးအို Shou Zi Chew နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ TikTok app အတွက် နေရာတစ်ခုရှိရမယ်လို့ ပြောဆိုချက်တွေရှိနေတာလည်းဖြစ်ပါတယ်။