ဖူးခက်မှာ တရားမဝင်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ရုရှားနိုင်ငံသားနှစ်ယောက်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တွေက ဖမ်းဆီးခဲ့ကြောင်း Thaiger သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းအစိုးရက တရားမဝင် ဧည့်လမ်းညွှန် လှုပ်ရှားမှုတွေကို အရှိန်မြှင့် ဖြိုခွင်းနေတာကြောင့် သာယာအေးချမ်းနေတဲ့ ဖူးခက်ကျွန်းဟာ လျှို့ဝှက်စစ်ဆင်ရေး အတွက် အဓိကစင်မြင့် ဖြစ်လာခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ရုရှားနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး ခရီးသွားကုမ္ပဏီနှစ်ခုကို ဒဏ်ငွေများစွာ ချမှတ်ခဲ့ပါတယ်။

အဲဒီ ဖမ်းဆီးခံရတဲ့ ရုရှားနိုင်ငံသားနှစ်ယောက်ဟာ ဧည့်လမ်းညွှန်တွေအဖြစ် ဟန်ဆောင်ကာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ရိပ်မိပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ထိုင်းအစိုးရရဲ့ တင်းကျပ်တဲ့ လိုင်စင်ဥပဒေတွေ ကို ကျော်လွန်ပြီး တရားမ၀င် ခရီးသွားလုပ်ငန်းမူဝါဒကို လိုက်နာတာမရှိဘဲ စည်းကမ်းတွေကို ချိုးဖောက်နေတာ ကြောင့် အခုလို ဖမ်းဆီး အရေးယူခံခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။