ထိုင်းနိုင်ငံ ပတ္တရားမြိုရှိ ကွန်ဒိုမီနီယံတစ်ခုမှာ ဧပြီ ၇ ရက် ညပိုင်းက ရုရှား roulette ဂိမ်း ကစားနည်းကြောင့် မိမိကိုယ်ကို သေနတ်နဲ့ ပစ်ခတ်မိပြီး ဗြိတိန်အမျိုးသားတစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း Thaiger သတင်းမှာ ရေးသားထားပါတယ်။ အဲဒီဖြစ်ရပ်ဟာ ပတ္တရားမှာ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်တယ်လို ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပတ္တရားရဲတပ်ဖွဲက အဲဒီဖြစ်ရပ်ကို အသေးစိတ် စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို သိရပါတယ်။ စုံစမ်းစစ်ဆေးသူတွေက သံသယရှိသူရဲ့ အခန်းကို ရှာဖွေခဲ့ရာ နိုက်ထရပ်အောက်ဆိုဒ်ပုံးတွေ၊ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ရှူရှိက်ဖို အသုံးပြုတဲ့ ပူပေါင်းတွေနဲ့ 38 caliber ခြောက်လုံးပြူးတစ်လက် တွေ့ရှိခဲ့ပါ တယ်။ဒဏ်ရာရရှိသူရဲ့ သူငယ်ချင်းဖြစ်သူ မစ္စတာ Alichanovas ရဲ့ ပြောကြားချက်အရ တိုက်ခန်းမှာ နေထိုင်သူ မိုက်ကယ်က အခင်းမဖြစ်ပွားမီ ဆေးခြောက်သောက်ပြီး ဓာတ်ငွေ့ကို ရှူရှိက်ခဲ့တယ်လို ရဲတပ်ဖွဲကို ပြောကြား ခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ မိုက်ကယ်ဟာ ရုရှားကစားကွက်ကို ကစားဖို သူငယ်ချင်းကို ဖိတ်ခေါ်ခဲ့ပါ တယ်။ မစ္စတာ Alichanovas က ကြောက်လန့်တကြား ငြင်းဆန်ပြီး အိပ်ရာဝင်ချိန်မှာတော့ သူ့သူငယ်ချင်းက ကလစ်နှိပ်တဲ့အသံကို ကြားရပြီး မကြာခင်မှာပဲ သေနတ်သံ ထွက်လာခဲ့တယ်လို ဆိုပါတယ်။ ပတ္တရားရဲတပ်ဖွဲကလည်း မိုက်ကယ်ဟာ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ရှိခဲ့တယ်လို ပြောပါတယ်။